မြန်မာနိုင်ငံအရှေ့ပိုင်း ပဲခူးတိုင်းဒေသကြီးတွင် ဘောဂတမြစ်တည်ရှိပါသည်။ ဘောဂထရေအားလျှပ်စစ်စီမံကိန်း ဖွံ့ဖြိုးမှုစီမံကိန်းသည် မြစ်၏အသင့်တော်ဆုံးနေရာဖြစ်သောမူသဲရွာမှ ၁၆ ကီလိုမီတာဝေးပြီး မြေမျက်နှာပြင် အမြင့် ၄၀ ခန့်ရှိပြီး ၁၂ ကီလိုမီတာ ဝေးသောနေရာတွင် စီမံကိန်းအထက်ပိုင်းတွင် ဘောဂထအောက်ရွာလည်း တည်ရှိပါသည်။
၂၀၁၆ခုနှစ်၊မေလနှင့် ဒီဇင်ဘာလတို့တွင် စီမံကိန်း(၂)နေရာကိုလေ့လာခဲ့ကြပါသည်။ဖော်ပြပါလေ့လာဆန်းစစ်မှု များပြုလုပ်မှု ပထမခရီးစဉ်တွင် မြစ်ကြောင်းအတွင်း၌လုပ်ဆောင်နိုင်သည့် ဖြစ်နိုင်ချေများကိုလေ့လာခဲ့ကြပါ သည်။လေ့လာမှုများတွင် ရာသီလိုက်(ကြီးမားသောရေသိုလှောင်ခြင်း)နှင့် run-of-river (အသေးစားရေသို လှောင်ခြင်း)တို့ကိုပါလေ့လာခဲ့ပါသည်။ကနဦးလေ့လာမှုအပေါ်အခြေခံ၍ ကြီးမားသောရေသိုလှောင်ခြင်းကို ချန်လှပ်ထားပြီး run of river အမျိုးစားဖြင့် အသေးစားရေသိုလှောင်ခြင်းကို အဆင့်(၃)ဆင့်ဖွံ့ဖြိုးမှုဖြင့်ဆက် လက်လေ့လာရန်အတွက်အကြံပြုပါသည်။
(၁) အဆင့်(၁)ဆင့်လုပ်ဆောင်မှု- ကြီးမားသောရေအားလျှပ်စစ်စီမံကိန်းပုံစံဖြင့်ဖော်ဆောင်ခြင်း
(၂) အဆင့်(၂)ဆင့်လုပ်ဆောင်မှု- စီမံကိန်း(၂)ခု ကိုပူးတွဲဖော်ဆောင်ခြင်း
(၃) အဆင့်(၃)ဆင့်လုပ်ဆောင်မှု – စီမံကိန်း(၃)ခုကိုပူးတွဲဖော်ဆောင်ခြင်း(run-of-river with smaller reservoir)
ရေဖမ်းဧရိယာ အနီးတဝိုက်မှလည်း မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာအချက်အလက်များကိုလည်းရယူခဲ့ပါသည်။ အနီးရှိရွှေကျင်မြစ်သည်လည်း နှစ် ၃၀ ကျော် ရေစီးဆင်းမှုမှတ်တမ်းများလည်းရှိခဲ့ပါသည်။ သို့သော်လည်း လေ့လာဆန်းစစ်ချက်များအရ အဆိုပါ ရေစီးဆင်းမှုမှတ်တမ်းများသည် အမှားအယွင်းများရှိနေသည်ကိုတွေ့ရှိခဲ့ ပါသည်။အခြားရေစီးဆင်းမှုမှတ်တမ်း(ဇောင်းတူနှင့်ပဲခူး) များ၏ ရေဖမ်းဧရိယာ၏သွင်ပြင်လက္ခဏာမှာ ဘောကထ နှင့်များစွာကွဲပြားမှုများရှိနေပါသည်။ ထို့အတွက်ကြောင့် လျှပ်စစ်ထုတ်လုပ်ရန်အတွက် တစ်နှစ်တာ ရေစီးဆင်းမှုနှုန်း၏အနီးစပ်ဆုံးခန့်မှန်းမှုများကို မိုးရေချိန်ရရှိမှုအချက်အလက်ပေါ်မှုတည်၍ရရှိသောရေပမာဏ မှတဆင့်တွက်ချက်ရယူပါသည်။ရေဖမ်းသည့်ဧရိယာအားမြေပုံပေါ်တွင်လေ့လာဆန်းစစ်မှုမှတစ်ဆင့်တွက်ချက်ရယူထားပါသည်။အောက်ဖော်ပြပါအချက်အလက်များသည် စီမံကိန်းပုံစံအမျိုးမျိုးအတွက် ရေဖမ်းဧရိယာနှင့် တစ်နှစ်တာရေစီးဆင်းမှုနှုန်းတို့ဖြစ်ပါသည်။
ဖော်ပြချက် |
ယူနစ် | အထက်ပိုင်းဆည်ဧရိယာ
ဖြစ်နိုင်ချေနည်းလမ်းများ |
အလည်ပိုင်းဆည်ဧရိယာ
အဆင့်(၃)ဆင့်ပုံစံ |
အောက်ပိုင်းဆည်ဧရိယာ
အဆင့်(၂)ဆင့်နှင့်(၃)ဆင့်ပုံစံ |
ရေဖမ်းဧရိယာ |
Km2 |
၁၄၅.၆ | ၂၀၇ |
၂၃၃.၇ |
နှစ်စဉ်ရေစီးဝင်မှု |
m3 /s |
၁၁.၇၆ | ၁၆.၇၂ |
၁၈.၈၈ |
ဘူမိရုပ်သွင်အခြေအနေကိုရှင်းပြရလျှင် ဘူမိဗေဒပညာရှင်လေ့လာဆန်းစစ်မှုများသည် သဘာဝအလျောက် ဖြစ်ရပ်များကို ကြည့်ရှုစစ်ဆေးသောမြေပြင်ကွင်းဆင်းလေ့လာမှုနှင့်၎င်းပထဝီဝင်အနေအထားများကိုခန့်မှန်းဖော် ပြထားပါသည်။(မြေပြင်တွင်လက်တွေ့ကွင်းဆင်းလေ့လာမှုမရှိခြင်း)ထိုလေ့လာသုံးသပ်မှုများကို အခြေခံ၍ စီမံကိန်းဧရိယာတွင်ရှိသော ပထဝီရုပ်သွင်အနေအထားများမှာ မီဆိုဇစ်သက်တမ်းရှိ ကျောက်အမျိုးအစားတွင်ပါ ဝင်ပြီး မီးသင့်ကျောက်၊အသွင်ပြောင်းကျောက်၊အနည်ကျကျောက်ဆိုသည့်ကျောက်အမျိုးအစားသုံးမျိုးရှိသည့် အနက် မီးသင့်ကျောက်အမျိုးအစားဖြစ်သော ဂရန်နိုက်၊ ဂရန်နိုဒိုင်အိုရိုက်၊ဒိုင်အိုရိုက်ကျောက် များကိုအများ အပြားတွေ့နိုင်သည်။စီမံကိန်းဧရိယာသည် စစ်ကိုင်းပြတ်ရွှေ့ကြောနှင့်ဖာပွန်ပြတ်ရွှေ့ကြောအနီးတွင်တည်ရှိ သည်။၎င်းဒေသများတွင်အဓိက ငလျင်လှုပ်ခတ်မှုများကိုတွေ့ရသည်။စီမံကိန်းဧရိယာသည် ငလျင်လှုပ်ခတ်မှု ကိုခံစားနိုင်သည့်နေရာဖြစ်သည့်အတွက်ကြောင့် တည်ဆောက်မှုများအတွက်ဆိုးကျိုးများနှင့်မြေပြိုမှုများကို ထည့်သွင်းစဉ်းစားနိုင်ရန်လိုအပ်သည်။ ထိုအချက်များကို အခြေခံပြီး စီမံကိန်းဧရိယာရှေ့ဘက်တွင်းခုံးမှောက်နေ သောငလျင်ကြောပေါ်တည်ရှိနိုင်ပြီးမြေပြိုကျနိုင်သော အန္တရာယ်ဖြစ်နိုင်သည့်ပုံစံမျိုးနှင့်ရှုပ်ထွေးသောဘူမိရုပ် သွင်အနေအထားမျိုးဟုယူဆရပါသည်။မြေပြင်၌ကြိုတင်လေ့လာဆန်းစစ်မှုများပြုလုပ်ထားသည့်အခြေအနေ အပေါ်မူတည်၍ စီမံကိန်းပုံစံအားလုံးသည် ဘူမိသွင်ပြင်ရှုထောင့်အရ နည်းပညာပိုင်းဆိုင်ရာတွင် လုပ်ဆောင်နိုင်သည့်အနေအထားတွင်ပြီး လှိုဏ်ခေါင်းတူးဖော်မှုပိုင်းတွင်လည်းခက်ခဲမှုအဆင့် ပုံမှန်အနေ အထားဖြင့်လုပ်ဆောင်နိုင်ပါသည်။
ဖြစ်နိုင်ချေရှိသည့်စီမံကိန်းပုံစံအားလုံးအတွက်ရေးဆွဲထားသော ပုံစံများကိုအခြေခံ၍ အသင့်တော်ဆုံး လျှပ်စစ် ဓာတ် အားစက်ရုံအရွယ်အစား(မီဂ္ဂါဝပ်ဖြင့်အများထုတ်လုပ်နိုင်သော)ကိုရရှိနိုင်ရန်အတွက်ကြိုတင် လေ့လာ ဆန်းစစ်မှု များကိုလုပ်ဆောင်ခဲ့ပါသည်။ အဆိုပါလေ့လာဆန်းစစ်မှုအရ အမြင့်ဆုံးတာပိုင်လည်ပတ်မှုဖြင့် လျှပ်စစ်ထွက်ရှိမှု ၂.၀ x တစ်နှစ်တာရေစီးဆင်းမှုနှုန်း သည် အသင့်တော်ဆုံးဖြစ်ပါသည်။ အဆိုပါအချိုးချ တွက်ချက်မှုသည် ဖြစ်နိုင်ချေရှိသည့်စီမံကိန်းအားလုံးအတွက်လေ့လာခဲ့ပြီးဖြစ်ပါသည်။
အထက်တွင်ဖော်ပြထားသော အကြိုလေ့လာထားသည့်လျှပ်စစ်ထုတ်လုပ်နိုင်မှုအပေါ်အခြေခံ၍ ဖြစ်နိုင်ချေရှိ သည့်စီမံကိန်းပုံစံအားလုံးအတွက် အနီးစပ်ဆုံးကုန်ကျစရိတ်အား တွက်ချက်ထားပါသည်။ကုန်ကျစရိတ် တွက်ချက်မှုများသည် နော်ဝေနိုင်ငံရေအရင်းအမြစ်နှင့်စွမ်းအင်ဦးစီးဌာန(NVE) မှရေအားလျှပ်စစ်တည်ဆောက် ရေးနှင့်သက်ဆိုင်သောကုန်ကျစရိတ်ဆိုင်ရာအခြေခံများအပေါ်မှုတည်၍တွက်ချက်ထားပါသည်။ ကုန်ကျစရိတ် နှုန်းထားများကိုကာမိစေရန်အတွက် ယူနစ်နှုန်းထားများကို တွက်ချက်ထားပြီး စက်ပစ္စည်းကိရိယာများ၏ကုန်ကျ စရိတ်နှုန်းထားများကိုလည်းဒေသတွင်းရှိ မကြာသေးမီမှတည်ဆောက်ပြီးစီးထားသော စီမံကိန်းများအပေါ် အခြေခံ၍ တွက်ချက်ထားပါသည်။
ဖြစ်နိုင်ချေရှိသည့်စီမံကိန်းပုံစံအားလုံးကို စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ဆန်းစစ်ချက်များဖြင့် လေ့လာသုံးသပ် ထားပါသည်။ အဆိုပါဆန်းစစ်ချက်များသည် စွမ်းအင်ဆိုင်ရာအခွန်ငွေ 7.0USc/kWh ဖြင့်အခြေခံထားပါသည်။
အောက်ပါဇယားတွင်အဓိကရွေးချယ်ထားသည့် အဆင့်(၃)ဆင့်စီမံကိန်းပုံစံ၏ စွမ်းအင်ထုတ်လုပ်မှု၊စုစုပေါင်း ကုန်ကျစရိတ်နှင့် တွက်ချက်ထားသောစီးပွားရေးဆိုင်ရာနှင့်ငွေကြေးဆိုင်ရာ ညွှန်ကိန်းများဖြစ်ပါသည်။
ဖော်ပြချက် |
ယူနစ် | အဆင့်(၁)ဆင့်
တည်ဆောင်မှု |
အဆင့်(၂)ဆင့်
တည်ဆောက်မှု |
အဆင့်(၃)ဆင့် တည်ဆောက်မှု |
စုစုပေါင်းတပ်ဆင်မှု
စွမ်းရည် |
MW |
၁၀၅ |
၁၂၅ |
၁၃၃ |
စွမ်းအင်ထုတလုပ်မှု |
GWh |
၃၄၁.၅ |
၄၀၆.၁ |
၄၄၃၁.၈ |
ရင်းနှီးမတည်ငွေ |
Mill.USD |
၁၉၇.၁ |
၂၃၉.၄ |
၂၃၉.၄ |
စီးပွားရေးဆိုင်ရာ
ပြန်လည်ရရှိမှုနှုန်း |
% |
၉.၁ |
၈.၉ |
၉.၉ |
တန်းတူညီမျှပြန်လည်
ရရှိမှုနှုန်း |
% |
၈.၇ | ၈.၅ |
၉.၅ |
ဖြစ်နိုင်ချေသည့်ရေအားလျှပ်စစ်စီမံကိန်းအားလုံးကိုသီးခြားစီ လေ့လာဆန်းစစ်မှုအားနှိုင်းယှဉ်သည့် အခါတွင် အောက်ဆုံးအဆင့်(၃)ဆင့်စီမံကိန်းပုံစံသည် ၁၀.၅ ရာခိုင်နှုန်းဖြင့် စီးပွာရေးအရပြန်လည်ရရှိမှုနှုန်းအမြင့်ဆုံး အနေအထားတွင်ရှိပါသည်။ အောက်ဆုံးအဆင့်(၃)ဆင့်စီမံကိန်းပုံစံသည်လည်း ၁၃.၂ ရာခိုင်နှုန်းဖြင့် တန်းတူ ညီမျှပြန်လည်ရရှိမှုနှုန်းတွင် လည်းအမြင့်ဆုံးအနေအထားတွင်ရှိပါသည်။
အောက်ဖော်ပြပါဇယားသည် အဆင့်(၃)ဆင့်စီမံကိန်းပုံစံ ၏အဓိကသွင်ပြင်လက္ခဏာများကိုဖော်ပြထားပါသည်။
ဖော်ပြချက် |
|
အဓိကအချက်အလက်များ |
||
အောက်ပိုင်း စွမ်းအင်စက်ရုံ |
အလယ်ပိုင်း
စွမ်းအင်စက်ရုံ |
အမြင့်ပိုင်း စွမ်းအင်စက်ရုံ |
||
စုစုပေါင်းအမြင့် |
m |
၁၆၀ |
၁၀၀ |
၂၇၀ |
အမြင့်ဆုံးသောရေအားစီးဆင်းမှု |
m3/S |
၃၇.၇၆ | ၃၃.၃၄ |
၂၃.၅၂ |
စုစုပေါင်းတပ်ဆင်ထားသောစွမ်းရည် |
MW | ၅၁ | ၂၈ |
၅၄ |
နှစ်စဉ်ပျမ်းမျှထုတ်လုပ်မှု |
GWh |
၁၆၅.၅ | ၉၀.၇ |
၁၇၅.၆ |
ရေကာတာအမျိုးအစား |
Concrete/RCC |
Concrete/RCC |
Concrete/RCC |
|
· အမြင့်ဆုံးလည်ပတ်နေသောရေအမှတ် |
masl | ၂၀၀ | ၃၀၀ |
၅၇၀ |
ရေသွယ်မြောင်း | ||||
· ရေသွယ်မြောင်း၏ဖြတ်ပိုင်းပုံ |
m2 |
၂၆ | ၂၂ |
၂၂ |
· ရေသွယ်မြောင်း၏အလျား |
m |
၁၈၅၀ | ၂၈၀၀ |
၄၃၀၀ |
· မြေမျက်နှာပြင်အထက်ရေသွယ်ဥမင်လှိုဏ်
|
m | ၃၆၀ | ၃၅၀ |
၈၈၀ |
မြေမျက်နှာပြင်အထက်စွမ်းအင်သိုလှောင်ရုံ | ||||
· တာဘိုင်အမျိုးအစား |
Francis |
Francis |
Francis |
|
· အနိမ့်ပိုင်းရေအမှတ် |
Masl |
၄၀ | ၂၀၀ |
၃၀၀ |
အဓိကကုန်ကျစရိတ် |
Mill. USD |
၈၃.၇ | ၆၄.၉ |
၉၀.၉ |
စီးပွားရေးဆိုင်ရာ ပြန်လည်ရရှိမှုနှုန်း |
% |
၁၀.၅ | ၇.၁ |
၁၀.၂ |
တန်းတူညီမျှပြန်လည်ရရှိမှုနှုန်း |
% |
၁၃.၂ | ၆.၆ |
၁၂.၇ |
အဆင့်(၃)ဆင့်ပါသော အနိမ့်ပိုင်းရှိစီမံချက် ဆောက်လုပ်ရန်ကြာချိန်မှာ ၃၆ လ ဖြစ်ပါသည်။
စီမံကိန်းအားရေရှည် လည်ပတ်လုပ်ဆောင်နိုင်ရန်အတွက် လူမှုရေးဆိုင်ရာအချက်အလက်များကိုလည်းကြိုတင် လေ့လာထားပြီးဖြစ်ပါသည်။ ယခုကဲ့သို့သောအစောပိုင်းအခြေအနေတွင်စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်ဖွယ် ရှိသော ကိစ္စပြဿနာများကိုသိရှိနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့်လူမှုရေးဆိုင်ပြဿနာများကို လည်းအဆိုပါလေ့လာမှုတွင်ထည့်သွင်းလေ့လာခဲ့ပါသည်။
လေ့လာတွေ့ရှိမှုများအရ စီမံကိန်းဧရိယာအတွင်း၌ ရှုပ်ထွေးသော လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် နိုင်ငံရေး ကိစ္စရပ်များရှိနေသော်လည်း လက်ရှိနေရာအခြေတကျရှိပြီး စီးပွားရေးဖြစ်ထွန်းသောမြေများပေါ်တွင် အနိမ့်ဆုံးအကျိုးသက်ရောက်မှုရှိသည့်အခြေအနေမျိုးတွင် စီမံကိန်းဖွံ့ဖြိုးရေးအားကန့်ကွက်နိုင်သည့်လူမှုရေး ပြဿနာများဖြစ်ပေါ်လာရန်အလားအလာနည်းပါးသည်ကိုတွေ့ရှိရပါသည်။ စီမံကိန်းလုပ်ဆောင်သူများ အနေ ဖြင့်လည်း လူထုနှင့်ဆွေးနွေးညှိနှိုင်းခြင်းများ၊ အချက်အလက်များမျှဝေခြင်းများကို နိုင်ငံတကာစံနှုန်းများ နှင့်အညီလိုက်နာလုပ်ဆောင်လျက်ရှိပါသည်။
သို့ပါသော်လည်း လက်ရှိအချိန်တွင် စီမံကိန်းဧရိယာအတွင်း၌ နို့တိုက်သတ္တဝါမျိုးစိတ်အသေး၊ အကြီးများစွာရှိနေနိုင်ပြီး ရွှေ့ပြောင်းသွားနိုင်သည့်အခြေအနေတွင်ရှိနေနိုင်ပါသည်။ ထို့အပြင် ကျန်ရှိသည့် မျိုးစိတ်များမှာလည်း အန္တရာယ်ကျရောက်နိုင်သည့်အခြေအနေတွင်ရှိနေနိုင်ပြီး အထူးသဖြင့် သစ်တောပြုန်းတီး ခြင်း၊သစ်ခုတ်ခြင်းနှင့်သတ္တုတူးဖော်ခြင်းများသည်လည်း အဆိုပါမျိုးစိတ်အပေါ်ပိုမို၍ အန္တရာယ်ကျရောက်စေနိုင် ပါသည်။လက်ရှိအချိန်တွင်စီမံချက်ဧရိယာအတွင်း၌ ငါးဖမ်းခြင်းလုပ်ငန်းသည်ကျဆင်းလာပြီး အဆိုပါအခြေ အနေသည်စီမံကိန်းကြောင့်ပိုမိုဆိုးရွားလာနိုင်ပါသည်။ဖြည့်စွက်ဖော်ပြရပါသော်၎င်းသည် ဇီဝမျိုးကွဲဆိုင်ရာပြဿ နာထက် မျိုးစိတ်များ၏အရေအတွက်ဆိုင်ရာပြဿနာမျာဖြစ်သောကြောင့် စီမံကိန်းအားဆက်လက် ဆောင်ရွက် သည့်အခါတွင် သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာထိခိုက်မှုများအား အသေးစိတ်လေ့လာမှု အား ဆက်လက်ဆောင်ရွက်ရန်လိုအပ်ပါသည်။
အကြံပြုတင်ချက်များ
နိဂုံးချုပ်ဆိုရပါသော် ဘောကထမြစ်၏အကောင်းဆုံးရေတံခွန်ဖွံ့ဖြိုးမှုရရှိရန်အတွက် အဆင့်(၃)ဆင့်ပါသော လျှပ်စစ်စီမံကိန်းကိုဆက်လက်လေ့လာရန်အကြုံပြုပြီးအဆိုပါစီမံကိန်းတွင်ပါဝင်မည့် လျှပ်စစ်စက်ရုံများ၏အရေအတွက်နှင့်ပုံစံကိုပါ ကနဦးလေ့လာမှုတွင်ထည့်သွင်းလေ့လာသင့်ပါသည်။
အဆိုပါ စီမံကိန်းပုံစံအားအတည်ပြုပြီးပါက စီမံကိန်းအတွက် ရွေးချယ်ထားသောပုံစံမှ အလားအလာ အရှိဆုံးသော လျှပ်စစ်စက်ရုံအတွက် အလုံးစုံကနဦးလေ့လာဆန်းစစ်မှုကို ဆက်လက်လုပ်ဆောင် သင့်ပါသည်။
အနိမ့်ဆုံးအပိုင်းရှိလျှပ်စစ်စက်ရုံဖွံ့ဖြိုးမှုပုံစံသည် မြေမျက်နှာသွင်ပြင်အနေအထားအရအလားအလာအရှိဆုံး ဖြစ်ပြီး အဆိုပြုထားသည့် စီမံကိန်းပုံစံနှင့်လည်းထပ်တူညီမှုရှိပါသည်။ ထို့အပြင် အဆိုပါစီမံကိန်းပုံစံသည် ဘဏ္ဍာရေးကဏ္ဍအရကြည့်လျှင်လည်း အကောင်းဆုံးအနေအထားတွင်ရှိပြီး ကနဦးလေ့လာဆန်းစစ်မှုပြုလုပ် ရန်အတွက်အကောင်းဆုံးစီမံကိန်းပုံစံဖြစ်ပါသည်။
Executive Summary of final pre-feasibility report
Bawgata River lies in Bago Region in Eastern Myanmar. The section of the river most feasible for hydropower development stretches approximately 16 kms from Mu Thea Village at elevation 580 masl. down to elevation 40 about 12 km upstream Bawgata Auk Village.
During the course of the study there has been two site visits to the project site, one in May 2016 and one in December 2016. Following the first site visit, various options for development of the river were assessed, including both a seasonal (large) and a run-of-river reservoir. Based on this initial assessment, it was recommended to put the option with a large reservoir aside, and continue the study with three different development scenarios, all with an upper run-of river (smaller) reservoir:
- A one-step development option with one large hydropower plant
- A two-step development option with two projects in cascade
- A three-step development option with three projects in cascade
The hydrological analysis is based on meteorological and hydrological data from nearby catchments. The neighbouring Shwegyin River has a long term (30 years+) discharge measurement record. However, the analysis reveals that this discharge record seem to have systematic errors. Other available discharge measurement records (Zaungtu, Bago) are from catchments with very different characteristics than Bawgata. Therefore, the annual mean discharge used for production estimates are derived from water balance based on long term precipitation data. The catchments have been calculated based on a map analysis. This gives the following catchments and annual mean flows for the various project options:
Description |
Upper dam site (all options) |
Middle dam site (3-Step option) |
Lower dam site (2-and 3-step option) |
|
Catchment area |
km2 |
145.6 | 207.0 |
233.7 |
Mean Annual Inflow |
m3/s |
11.76 | 16.72 |
18.88 |
To describe the geological conditions, the geologist has conducted a regional geological analysis and an observatory site visit (no ground investigations). Based on this, the project area is believed to be located in Mesozoic geological age rock types consisting of granites, granodiorites, and diorite. The project area lies near to several active fault zones, Sagaing fault and Papun faults being the most influential, where major earthquakes have occurred. Following this, the project area will be prone to earthquake loading and the implication for structures and risk for landslide needs to be considered. In view of the preliminary observation made at site, all alternatives seems to be technically feasible from a geological perspective, with a normal degree of difficulty for tunnelling. Further investigations will be needed in the subsequent project phases to confirm the geological conditions in detail.
Following a conceptual design of all project options, a preliminary optimization have been carried out to determine the optimal plant size (maximum generation capacity in MW). This optimization concluded that an installed capacity with a maximum turbine flow corresponding to about 2,0 x Mean Annual Flow is considered as the optimum installation. This ratio has been used for all alternatives studied.
Based on the preliminary design with the plant capacity as indicated above, cost estimates have been developed for all project alternatives. Cost rates used in the estimates are developed from Norwegian Water Resources and Energy Directorate (NVE) cost base for hydropower plants. The cost rates have been adjusted to reflect unit rates and equipment costs obtained from other recent projects in the
region.
The annual energy production is estimated based on the optimum plant capacity together with the inputs from the hydrological analysis including mean annual flow and duration curves derived from estimated daily flow data.
The projects have been evaluated by an economic and financial analysis. These analyses are a based on an energy tariff of 7.0 USc/kWh.
The table below shows a summary of total energy production, total capital cost, and calculated economic and financial indicators for the three main development options.
Description |
1-Step
|
2-Step Cascade Development |
3-Step |
|
Total installed capacity |
MW |
105 | 125 |
133 |
Energy production |
GWh |
341.5 | 406.1 |
431.8 |
Capital cost |
mill. USD |
197.1 | 239.4 |
239.4 |
Economic IRR |
cY0 |
9.1 | 8.9 |
9.9 |
Equity IRR |
% |
8.7 | 8.5 |
9.5 |
Comparison between all alternative hydropower projects studied as stand-alone projects shows that the lower project in the 3-Step cascade development has the highest Economic IRR of 10.5 %. The 3- Step Lower Power Plant has the highest Equity IRR with 13.2 % of all alternatives studied as standalone projects.
The table below shows the salient features for the three projects in a 3-Step Cascade Development:
Description |
Main Data | |||
Lower PP | Mddle PP |
Upper PP |
||
Gross Head |
m |
160 | 100 |
270 |
Maximum Turbine Flow (2 units) |
m3/s |
37.76 | 33.44 |
23.52 |
Total Installed Capacity |
MW |
51 | 28 |
54 |
Mean Annual Production
|
GWh |
165.5 | 90.7 |
175.6 |
Dam type |
Concrete/RCC |
Concrete/RCC |
Concrete/RCC |
|
· Highest Regulated Water Level |
masl |
200 | 300 |
570 |
Headrace | ||||
· Tunnel Cross section |
m2 |
26 | 22 |
22 |
· Tunnel Length |
m |
1850 | 2800 |
4300 |
· Penstock above ground |
m |
360 | 350 |
880 |
Powerhouse above ground | ||||
· Turbine type |
|
Francis | Francis |
Francis |
· Tailwater level |
masl |
40 | 200 |
300 |
Capital cost |
mill.USD |
83.7 | 64.9 |
90.0 |
Economic IRR |
% |
10.5 | 7.1 |
10.2 |
Equity IRR |
% |
13.2 | 6.6 |
12.7 |
The construction period for the lower 3-Step project is estimated to 36 months.
To address sustainability issues, a preliminary study on the social context of the Project was carried out. This was supplemented by an environmental and social scoping of issues to identify any potential fatal flaws with the Project at this initial stage.
The studies revealed a highly complex and dynamic socio-economic and political environment in the Project area, but given the minimal direct impact on existing settlement and productive land there were no social issues of sufficient magnitude to militate against development providing international best practice in public consultation and disclosure is adhered to.
Although at one time the Project area would have contained significant numbers of small and large mammal species these have largely now been displaced; any remnant populations are at risk but far more so from existing deforestation, logging and mining activities. The fishery in the Project area is reported to be in decline, which would likely be exacerbated by the Project; the extent to which this is a biodiversity issue rather than a species population numbers issue will need to be further studied at ESIA stage when the Project moves forward.
Recommendation
In conclusion, it is recommended to study the 3-Step cascade development further as an initial part of a feasibility study to confirm the number and layout of power plants forming the best cascade development of Bawgata River.
After confirming the conceptual layout of a cascade development, it is recommended to carry out a full feasibility study of the most promising power plant alternative in the selected cascade development.
The lower power plant alternative appears to be the most attractive alternative from a topographical point of view and will for the same reason most likely be identical for all cascade developments proposed. As this alternative also has the best financial performance of all alternatives studied, it is assumed that this project is the best candidate project to be studied at the feasibility level.