ဘောကထအောက်ရေအားလျှပ်စစ်စီမံကိန်း ပြီးပြည့်စုံသောလေ့လာဆန်းစစ်မှုလုပ်ဆောင်ရန်အတွက် လူထုများနှင့်တွေ့ဆုံဆွေးနွေးခြင်း

သူးလေကုမ္ပဏီသည် ဘောကထအောက်လျှပ်စစ်စီမံကိန်းအတွက် ပြီးပြည့်စုံသောလေ့လာဆန်းစစ်မှုများကို လုပ်ဆောင်ရန်အတွက်ဒေသခံလူများ၊အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊အစိုးရအဖွဲ့များမှတာဝန်ရှိသူများ၊နော်ဝေး၊နယူးဇီလန်မှသံအမတ်များနှင့်KNU အဖွဲ့များပါဝင်သည့် လူထုများ နှင့်တွေ့ဆုံဆွေးနွေးညှိနှိုးခြင်းအား ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးကျောက်ကြီးမြို့နယ်တွင်ပြုလုပ်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီးရှိ ဘောကထချောင်းပေါ်တွင်ပြုလုပ်မည့်အဆိုပါစီမံကိန်းသည် မူလ ရေးဆွဲထားသည့် စီမံကိန်းအရ အဆင့်(၃)ဆင့်ပါဝင်သည့် ရေအားလျှပ်စစ်စီမံကိန်းဖြစ်သော်လည်း အကြိုလေ့လာဆန်းစစ်မှု အစီရင်ခံစာအရ ဒေသခံများနှင့် ပတ်ဝန်းကျင်အပေါ်ထိခိုက်မှုအနည်းဆုံးဖြစ်သည့် ဘောကထအောက်ရှိ အဆင့်(၁)ဆင့်သာပါရှိသောစီမံကိန်းအတွက်သာလေ့လာဆန်းစစ်မှုကိုလုပ်ဆောင်ရန် အတွက်သာအကြံပြုထားသည့် အတွက်ကြောင့် ဆက်လက်လုပ်ဆောင်မည့် ပြီးပြည့်စုံသောလေ့လာဆန်းစစ်မှုအား ဘောကထ အောက်ရှိစီမံကိန်းအတွက်သာ လေ့လာဆန်းစစ်သွားမည်ဖြစ်ပါ သည်။

အဆိုပါ တွေ့ဆုံဆွေးပွဲတွင် KNU မှအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးမှအဖွင့်အမှာစကားပြောကြားရာတွင် ယနေ့လုပ်ဆောင်သည့်လူထုများနှင့်တွေ့ဆုံဆွေးနွေးပွဲသည် ပြီးပြည့်စုံသောလေ့လာဆန်းစစ်မှုကိုလုပ်ဆောင် ရန်အတွက် ဖြစ်ပြီး စီမံကိန်းအားလုပ်ဆောင်သင့်၊မသင့်အားအဖြေရှာနိုင်ရန်အတွက်ဖြစ်ပါသည်။ယခုလုပ် ဆောင်မည့်လေ့လာဆန်းစစ်မှုတွင် လူမှုရေးကဏ္ဍအပေါ်မည်မျှထိခိုက်မှုရှိမည်၊သဘာဝပတ်ဝန်းကျင်အပေါ်မည် မျှထိခိုက်မှုရှိမည်၊စီးပွားရေးအရမည်မျှတွက်ချေကိုက်မှုရှိမည်နှင့် အဆိုပါစီမံကိန်းအားလုပ်ဆောင်ခြင်းဖြင့် ဒေသ တွင်းစည်လုံးညီညွတ်မှုများပိုမိုရရှိလာနိုင်မှု(သို့)ကွဲများမှုများပိုမိုမြင့်တက်လာမည် စသည့် အခြေခံကြောင်းရင်း များစွာအား နိုင်ငံတကာမှလက်ခံနိုင်သည့် အဆင့်တစ်ဆင့် ရရှိရန်အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိုအခြေခံပြီး ယခုကဲ့သို့သောအခွင့်ရေး မျိုးရရှိခြင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အသီးအပွင့် ပင်ဖြစ်ကြောင်းဖြည့်စွက်ပြောကြားခဲ့ပါ သည်။

ဆက်လက်၍ ပဒိုတာဒိုမူးမှ မိမိတို့နိုင်ငံတွင်ဖြစ်စေ၊ အခြားပြည်ပနိုင်ငံများတွင်ဖြစ်စေ ရေးအားလျှပ်စစ်နှင့်ပတ် သက်လာလျှင် ဆိုးကျိုးများစွာကြုံတွေ့နေရခြင်းများကိုသာ မီးမောင်းထိုးပြနေသည်ကိုတွေ့ရှိရကြောင်း၊အထူး သဖြင့်ရွှေကျင်ဒေသတွင်လည်း ယခုခဲ့သို့သော အတွေ့အကြုံများကိုခံစားနေရသည့်အတွက်ကြောင့် ကရင် အမျိုးသားအစည်းအရုံးအနေဖြင့် ယခုကိစ္စအား ကိုင်တွယ်ရာတွင် အားလုံးလက်ခံနိုင်သည့်အနေအထား နှင့် သော်လည်းကောင်း၊သမာရိုးကျနည်းလမ်းများထက်အဆင့်မြင့်နည်းပညာများကိုအသုံးပြုပြီး လိုအပ်တဲ့ စွမ်းအင်ပမာဏကိုရယူခြင်း၊သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်လုပ်ဆောင်ခြင်းဖြင့် အားလုံး အတွက်သဟဇာတဖြစ်စေမည့်အခြေအနေများကိုရရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ထို့ပြင် အဆိုပါ အခြေခံအဆင့်မှစ၍ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်း ဆိုသည့် ပြည်သူလူထုအပေါ်သော်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍သော်လည်းကောင်း၊နိုင်ငံတော်အဆင့်တွင်သော်လည်းကောင်း တာဝန်ခံမှု
ရှိခြင်းကို စံနမူနာအနေဖြင့်လုပ်ဆောင်သွားရန်ရည်ရွယ်ထားပါသည်။ ထိုသို့လုပ်ဆောင်လိုသည့်အတွက် ကြောင့် ဒေသခံလူထုများနှင့်ဆွေးနွေးညှိနှိုင်းမှုများစွာကို လုပ်ဆောင်ခဲ့ပြီး အားလုံးအတူတကွ လုပ်သွား နိုင်မည့်နည်းလမ်းကိုဖန်တီးခဲ့ပြီးဖြစ်ပါသည်။ ယခုစီမံကိန်းတွင်အသုံးပြုမည့်နည်းပညာသည် စီးဆင်းနေသည့် ရေအား သဘာဝအတိုင်းသာစီးဆင်းစေပြီး လိုအပ်သည့်ရေပမာဏတစ်ခုအားသာ တာဘိုင် အတွင်းသို့ စီးဆင်းစေပြီးလည်းကောင်းမှတဆင့် မြစ်ချောင်းအတွင်းသို့သာပြန်လည်စီးဆင်းစေမည့် နည်းပညာကို အသုံးပြုမည်သွားမည်ဖြစ်ပါသည်။

ယခုလုပ်ဆောင်မည့် ပြီးပြည့်စုံသည့်လေ့လာဆန်းစစ်မှုတွင် ကဏ္ဍကြီး(၃)ရပ်ပါဝင်ပြီး နော်ဝေးမှ  ဘူမိဗေဒနည်းပညာပိုင်းဆိုင်ရာလေ့လာဆန်းစစ်ခြင်း၊ Newzelanမှ EISA ခေါ် သဘာဝပတ်ဝန်းကျင် အပေါ် အကျိုးသက် ရောက်မှုကို လေ့လာ ဆန်းစစ်ခြင်း နှင့် သူးလေကုမ္ပဏီမှ မြေမျက်နှာသွင်ပြင် လေ့လာဆန်းစစ် ခြင်းတို့အသီးသီးတာဝန်ယူလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

၂၀၁၆ခုနှစ်တွင်လေ့လာဆန်းစစ်မှုများကိုလုပ်ဆောင်ရန်အတွက် ဝန်ကြီးဌာနနှင့် MOU ရေးထိုးခဲ့ပြီးအဆိုပါ MOU မှာသက်တမ်းကုန်ဆုံးသွားပြီးလက်ရှိတွင် extension ၁၈(လ)ထပ်မံရရှိထားပြီး အဆိုပါကာလအတွင်း ပြီးပြည့်စုံသည့်လေ့လာဆန်းစစ်မှုဆိုသည့် ဖြစ်နိုင်ချေရှိ သည်မရှိသည်ကိုသိရှိရန်လုပ်ဆောင်သွား မည်ဖြစ်ပါသည်။ ယခုလေ့လာဆန်းစစ်မှုတွင် Newzeland နှင့် Norway မှ ပညာရှင်များဖြင့် အဆင့်မြှင့် နည်းပညာများကိုအသုံးပြု၍ သဘာဝပတ်ဝန်းကျင်အားထိခိုက်မှု အပေါ် အတတ်နိုင်ဆုံးလျော့ကျစေရန်နှင့် ဒေသခံပြည်သူများအပေါ် ထိခိုက်မှုမရှိနိုင်သည့်နည်းလမ်းများကိုစူးစမ်းရှာ ဖွေလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ထို့အတွက်ကြောင့် တာဝန်ယူမှုရှိသည့်စီးပွားရေးလုပ်ငန်းလုပ်ဆောင်ခြင်းအား ငြိမ်းချမ်းရေးကိုချေပြုသည့် ပူးပေါင်းဆောင်ရွက်မှု အဆင့်မှ ယုံကြည်မှုများကို တည်ဆောက်ပြီး ဖွံ့ဖြိုးရေးစီမံကိန်းများတွင်ပြည်သူလူထုများ ကိုယ်တိုင်ပါဝင်နိုင်သည့် အခွင့်အလမ်းများ ကိုဖော်ထုတ်ခြင်း နှင့်တစ်ဦးနှင့်တစ်ဦးကြား ယုံကြည်မှု တည်ဆောက်ခြင်းကိုအခြေခံကာ လုပ်ငန်းများတွင်ဆက်လက်ပါဝင်လုပ် ဆောင်စေလိုပါသည်။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: